Tuesday, 07 July, 2020

COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ ျမန္မာနိုင္ငံသို႔ေရာက္ရွိ


COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ ျမန္မာနိုင္ငံသို႔ေရာက္ရွိ

COVID-19 ေရာဂါတိုက္ဖ်က္ေရး အေထာက္အကူျပဳနိုင္ရန္ ဒုတိယ အသုတ္ အျဖစ္ တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တစ္ဖြဲ႕သည္ ဧၿပီ ၂၄ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ တ႐ုတ္နိုင္ငံ တပ္မေတာ္ေလယာဥ္ျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာန၏ေဖာ္ျပခ်က္အရသိရသည္။

တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တြင္ အဖြဲ႕ ဝင္ ေျခာက္ဦးလိုက္ပါလာခဲ့ၿပီး ၎တို႔ႏွင့္အတူ ေဆးဘက္ဆိုင္ရာ N95 ႏွင့္ KN95 ႏွာေခါင္းစည္းမ်ား ၊ စမ္းသပ္ကိရိယာမ်ား ၊ ဆရာဝန္သုံး ႏွာေခါင္းစည္းမ်ား စသည့္ ေထာက္ပံ့ေရးပစၥည္းမ်ားလည္း ပါရွိလာကာ

ယင္းပစၥည္းမ်ားအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံ ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ေၾကာင္း ဆင္ဟြာသတင္းတြင္ေဖာ္ျပပါရွိသည္။

တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံ ျပည္သူျပည္သားမ်ား အၾကားမွာ နက္ရွိုင္းသည့္ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ေရး ရွိသကဲ့သို႔ ႏွစ္နိုင္ငံ တပ္မေတာ္ ႏွစ္ရပ္အၾကားတြင္လည္း ခ်စ္ၾကည္ေရး ၊ ပူးေပါင္းေဆာင္႐ြက္ေရးေကာင္းမြန္ေၾကာင္း၊

တ႐ုတ္နိုင္ငံတြင္ COVID-19 ေရာဂါ ျဖစ္ပြားၿပီးသည့္ေနာက္ ျမန္မာ့တပ္မေတာ္ အေနျဖင့္ အျမန္ဆုံး တ႐ုတ္နိုင္ငံ ျပည္သူျပည္သားမ်ားကို ကူညီေပးခဲ့ေၾကာင္း၊ ေဆးကုသေရး ပစၥည္းမ်ားကို လႉဒါန္းေပးခဲ့ေၾကာင္း၊ အဆိုပါကူညီမႈသည္ တန္ဖိုးရွိၿပီး ေမ့နိုင္မည္မဟုတ္ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္နိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္က ေျပာၾကားသည္။

ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္နိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္က ” ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါ ျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာ အခုဆိုရင္ အတည္ျပဳလူနာ ဦးေရ ပိုၿပီးေတာ့ မ်ားျပားလာပါတယ္။

အဲဒါေၾကာင့္ ဒီတစ္ေခါက္ တ႐ုတ္နိုင္ငံက စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္ အဖြဲ႕ကို ျမန္မာနိုင္ငံသို႔ ေစလႊတ္ခဲ့ပါတယ္။ အဲဒီေဆးပညာရွင္ အဖြဲ႕ႏွင့္အတူ ဓာတ္ခြဲဖို႔ ေဆးပါဝင္တဲ့ ကုသေရး ပစၥည္း‌ေတြ ပါလာပါတယ္။

အဲဒါဟာလည္း ျမန္မာနိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရးအား အေထာက္အကူျပဳနိုင္ပါတယ္လို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္။ ႏွစ္နိုင္ငံ ခ်စ္ၾကည္ေရး ၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး ပူးေပါင္းေဆာင္႐ြက္ေရးကို ပိုၿပီးေတာ့ ျမႇင့္တင္ေစနိုင္ပါတယ္လို႔ ယူဆပါတယ္”ဟု ေျပာၾကားသည္။

ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံက ” ဒီပစၥည္းေတြဟာဆိုရင္လဲ အခ်ိန္တို အေတာအတြင္းမွာ ျမန္မာနိုင္ငံ တစ္နံတစ္လ်ား လိုအပ္တဲ့ ေနရာေတြကို အျမန္ဆုံး ျဖန႔္ျဖဴးေဆာင္႐ြက္ေပးသြားမွာ ျဖစ္သလို

ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ တပ္မေတာ္ ေဆး႐ုံႀကီးေတြမွာ ဒီကပါလာတဲ့ တ႐ုတ္နိုင္ငံက စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ေတြနဲ႕ ပူးေပါင္းၿပီးေတာ့ COVID-19 ေရာဂါ ရွာေဖြျခင္းလုပ္ငန္းေတြ ၊ ကာကြယ္ကုသျခင္း လုပ္ငန္းေတြကို တိုင္ပင္ႏွီးေႏွာဖလွယ္ၿပီးေတာ့ အေကာင္းဆုံး တိုက္ဖ်က္သြားနိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။

အမ်ားႀကီးလဲ လာေရာက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ တ႐ုတ္နိုင္ငံကိုေရာ ၊ တ႐ုတ္တပ္မေတာ္ကိုေရာ ၊ တ႐ုတ္ျပည္သူေတြ အားလုံးကို ျမန္မာျပည္သူျပည္သားေတြေရာ ၊ ျမန္မာ့တပ္မေတာ္ကေရာ အားလုံးက ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္”ဟု ေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာန၏ေဖာ္ျပခ်က္တြင္ပါရွိသည္။

တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ သည္ ျမန္မာ့တပ္မေတာ္ရွိ ေဆးဝါးကြၽမ္းက်င္ အဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕ မဂၤလာဒုံၿမိဳ႕နယ္ရွိ ကုတင္ ၁၀၀၀ တပ္မေတာ္ ေဆး႐ုံ၌ ရက္သတၱပတ္ ႏွစ္ပတ္ၾကာ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ၊

ထိုကဲ့သို႔ ေဆာင္႐ြက္သည့္အတြက္ နိုင္ငံအတြက္ ေရာဂါ တိုက္ဖ်က္ေရး ေဆာင္႐ြက္ေသာ လုပ္ငန္းမ်ားကို မ်ားစြာအေထာက္အကူျပဳမည္ဟု ေမွ်ာ္လင့္ေၾကာင္း တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံက ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ တြင္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္(PLA) ေရတပ္ေဆးတကၠသိုလ္ Changhai ေဆး႐ုံ မွ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေဆးပညာဌာန ဌာနမႉး ပါေမာကၡ Dr. Bai Chong ၊ တြဲဖက္ဆရာဝန္ Dr. Guan Zhenbiao ၊

အေရးေပၚေစာင့္ေရွာက္ကုသမႈ ေဆးပညာဌာန တြဲဖက္ဆရာဝန္ Dr. Shan Yi ၊ PLA ေရတပ္ေဆးတကၠသိုလ္ ၊ ေရတပ္ဆိုင္ရာ ပတ္ဝန္းက်င္ ႏွင့္ လုပ္ငန္းခြင္က်န္းမာေရးဌာန ပါေမာကၡ Dr. Ma Yajun ၊

ကူးစက္ေရာဂါ ျပန႔္ပြားျခင္း ႏွင့္ ကာကြယ္ျခင္းဆိုင္ရာ ေဆးပညာဌာန တြဲဖက္ပါေမာကၡ Dr. Yin Jianhua ၊ ဇီဝေဆးပညာကာကြယ္ေရးဌာန ကထိက Dr. Xia Binghui တို႔ ျဖစ္ေၾကာင္း ဆင္ဟြာသတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

ျမန္မာနိုင္ငံ၏ COVID- 19 တိုက္ဖ်က္ေရးတြင္ ႏွစ္ပတ္ၾကာ ကူညီေဆာင္႐ြက္ေပးခဲ့ေသာ တ႐ုတ္နိုင္ငံမွ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားအဖြဲ႕ လုပ္ငန္းေအာင္ျမင္ၿပီးဆုံး၍ ဧၿပီ ၂၂ ရက္တြင္ ရန္ကုန္ၿမိဳ႕မွ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္သည္။

တ႐ုတ္ေဆးဘက္ဆိုင္ရာ ပညာရွင္မ်ားအဖြဲ႕သည္ ဧၿပီ ၈ ရက္တြင္ ျမန္မာနိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီး ျမန္မာနိုင္ငံ၌ရွိေနစဥ္အတြင္း ပူျပင္းလွသည့္ရာသီဥတု စသျဖင့္ အခက္အခဲမ်ားကို ေက်ာ္လႊား၍

ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးရွိ ေဆးကုသေရးအဖြဲ႕အစည္း၊ ဓာတ္ခြဲခန္းႏွင့္ သီးသန႔္ေစာင့္ၾကည့္သည့္ေနရာ ၄၃ ခုသို႔ သြားေရာက္ခဲ့ေၾကာင္း၊ ျမန္မာနိုင္ငံရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ က်န္းမာေရးဌာနမ်ားႏွင့္

ဗီဒီယိုမွတစ္ဆင့္ ေဆြးေႏြးမႈမ်ား ကူးလူးဖလွယ္ေရးႏွင့္ ေလ့က်င့္ေရးအခမ္းအနားေပါင္း ၆၀ ေက်ာ္က်င္းပခဲ့ၿပီး လူဦးေရ ၄၀၀ ေက်ာ္ကို ေလ့က်င့္ေပးခဲ့ေၾကာင္း သိရသည္။

Unicode

COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယ အသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် အဖွဲ့ ဝင် ခြောက်ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့နှင့်အတူ ဆေးဘက်ဆိုင်ရာ N95 နှင့် KN95 နှာခေါင်းစည်းများ ၊ စမ်းသပ်ကိရိယာများ ၊ ဆရာဝန်သုံး နှာခေါင်းစည်းများ စသည့် ထောက်ပံ့ရေးပစ္စည်းများလည်း ပါရှိလာကာ

ယင်းပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြပါရှိသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြားမှာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသကဲ့သို့ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားတွင်လည်း ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေးကောင်းမွန်ကြောင်း၊

တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားပြီးသည့်နောက် မြန်မာ့တပ်မတော် အနေဖြင့် အမြန်ဆုံး တရုတ်နိုင်ငံ ပြည်သူပြည်သားများကို ကူညီပေးခဲ့ကြောင်း၊ ဆေးကုသရေး ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း၊ အဆိုပါကူညီမှုသည် တန်ဖိုးရှိပြီး မေ့နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ” မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ အခုဆိုရင် အတည်ပြုလူနာ ဦးရေ ပိုပြီးတော့ များပြားလာပါတယ်။

အဲဒါကြောင့် ဒီတစ်ခေါက် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင် အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီဆေးပညာရှင် အဖွဲ့နှင့်အတူ ဓာတ်ခွဲဖို့ ဆေးပါဝင်တဲ့ ကုသရေး ပစ္စည်း‌တွေ ပါလာပါတယ်။

အဲဒါဟာလည်း မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအား အထောက်အကူပြုနိုင်ပါတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ မြှင့်တင်စေနိုင်ပါတယ်လို့ ယူဆပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ” ဒီပစ္စည်းတွေဟာဆိုရင်လဲ အချိန်တို အတောအတွင်းမှာ မြန်မာနိုင်ငံ တစ်နံတစ်လျား လိုအပ်တဲ့ နေရာတွေကို အမြန်ဆုံး ဖြန့်ဖြူးဆောင်ရွက်ပေးသွားမှာ ဖြစ်သလို

ရန်ကုန်မြို့မှာ ရှိတဲ့ တပ်မတော် ဆေးရုံကြီးတွေမှာ ဒီကပါလာတဲ့ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ COVID-19 ရောဂါ ရှာဖွေခြင်းလုပ်ငန်းတွေ ၊ ကာကွယ်ကုသခြင်း လုပ်ငန်းတွေကို တိုင်ပင်နှီးနှောဖလှယ်ပြီးတော့ အကောင်းဆုံး တိုက်ဖျက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

အများကြီးလဲ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံကိုရော ၊ တရုတ်တပ်မတော်ကိုရော ၊ တရုတ်ပြည်သူတွေ အားလုံးကို မြန်မာပြည်သူပြည်သားတွေရော ၊ မြန်မာ့တပ်မတော်ကရော အားလုံးက ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ဖော်ပြချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ သည် မြန်မာ့တပ်မတော်ရှိ ဆေးဝါးကျွမ်းကျင် အဖွဲ့များနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ တပ်မတော် ဆေးရုံ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊

ထိုကဲ့သို့ ဆောင်ရွက်သည့်အတွက် နိုင်ငံအတွက် ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်သော လုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ထည့်သွင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်ဆေးတက္ကသိုလ် Changhai ဆေးရုံ မှ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန ဌာနမှူး ပါမောက္ခ Dr. Bai Chong ၊ တွဲဖက်ဆရာဝန် Dr. Guan Zhenbiao ၊

အရေးပေါ်စောင့်ရှောက်ကုသမှု ဆေးပညာဌာန တွဲဖက်ဆရာဝန် Dr. Shan Yi ၊ PLA ရေတပ်ဆေးတက္ကသိုလ် ၊ ရေတပ်ဆိုင်ရာ ပတ်ဝန်းကျင် နှင့် လုပ်ငန်းခွင်ကျန်းမာရေးဌာန ပါမောက္ခ Dr. Ma Yajun ၊

ကူးစက်ရောဂါ ပြန့်ပွားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ ဆေးပညာဌာန တွဲဖက်ပါမောက္ခ Dr. Yin Jianhua ၊ ဇီဝဆေးပညာကာကွယ်ရေးဌာန ကထိက Dr. Xia Binghui တို့ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ COVID- 19 တိုက်ဖျက်ရေးတွင် နှစ်ပတ်ကြာ ကူညီဆောင်ရွက်ပေးခဲ့သော တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ လုပ်ငန်းအောင်မြင်ပြီးဆုံး၍ ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့သည် ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း ပူပြင်းလှသည့်ရာသီဥတု စသဖြင့် အခက်အခဲများကို ကျော်လွှား၍

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးကုသရေးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းနှင့် သီးသန့်စောင့်ကြည့်သည့်နေရာ ၄၃ ခုသို့ သွားရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနများနှင့်

ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးမှုများ ကူးလူးဖလှယ်ရေးနှင့် လေ့ကျင့်ရေးအခမ်းအနားပေါင်း ၆၀ ကျော်ကျင်းပခဲ့ပြီး လူဦးရေ ၄၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

0 comments on “COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္နိုင္ငံမွ စစ္ဘက္ဆိုင္ရာ ေဆးပညာရွင္အဖြဲ႕ ျမန္မာနိုင္ငံသို႔ေရာက္ရွိ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments