January 25, 2021
ျပင္သစ္ တကၠသိုလ္ျပန္ဖြင့္ခ်ိန္မွာ မ်က္ႏွာဖုံး ဝတ္ဆင္ရမယ္လို႔ ပညာေရးဝန္ႀကီး ေျပာၾကား

ျပင္သစ္ တကၠသိုလ္ျပန္ဖြင့္ခ်ိန္မွာ မ်က္ႏွာဖုံး ဝတ္ဆင္ရမယ္လို႔ ပညာေရးဝန္ႀကီး ေျပာၾကား

ျပင္သစ္ တကၠသိုလ္ျပန္ဖြင့္ခ်ိန္မွာ မ်က္ႏွာဖုံး ဝတ္ဆင္ရမယ္လို႔ ပညာေရးဝန္ႀကီး ေျပာၾကား

ျပင္သစ္ႏိုင္ငံက တကၠသိုလ္ေတြဟာ စက္တင္ဘာလမွာ ျပန္ဖြင့္ရန္ ျပင္ဆင္ထားၿပီး ေက်ာင္းသူ၊ ေက်ာင္းသားေတြကို မ်က္ႏွာဖုံး ဝတ္ဆင္ၾကဖို႔ အႀကံျပဳသြားမယ္လို႔ က်န္းမာေရးဝန္ႀကီးက ၾကာသပေတးေန႔က ေျပာၾကားပါတယ္။

တကၠသိုလ္ေတြကို ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုး ပ်ံ႕ႏွံ႔ကူးစက္တဲ့အတြက္ မတ္လ ၁၆ ရက္ ေန႔ကစၿပီး ပိတ္ထားခဲ့ပါတယ္။ အထက္တန္းေက်ာင္းေတြကိုေတာ့ ေမ ၁၁ ရက္ေန႔မွာ တျဖည္းျဖည္း ျပန္ဖြင့္ခဲ့ေပမယ့္ ႏိုင္ငံတြင္းရွိ တကၠသိုလ္ ၇၄ ခုကိုေတာ့ ဆက္လက္ ပိတ္ထားခဲ့ပါတယ္။စာသင္ခန္းေတြထဲမွာ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို မ်က္ႏွာဖုံး ဝတ္ဆင္ၾကဖို႔ အႀကံျပဳထားေပမယ့္ ဓါတ္ခြဲခန္းေတြမွာေတာ့ မ်က္ႏွာဖုံးဝတ္ကို ဝတ္ဆင္ရမယ္လို႔ သိရပါတယ္။

ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ ဆရာ၊ ဆရာမေတြကို ဗိုင္းရပ္စ္ပိုး မကူးစက္ေအာင္ တားဆီးတဲ့ အေနနဲ႔ ေက်ာင္းသူ ေက်ာင္းသားေတြဟာ တစ္ဦးနဲ႔တစ္ဦး တစ္မီတာ အကြာမွာ ရွိၾကရန္ စည္းမ်ဥ္းေတြ ပါရွိပါတယ္။
စာသင္ခန္းေတြမွာ တစ္ေန႔ကို ႏွစ္ႀကိမ္ ေလဝင္ေလထြက္ရွိေအာင္ လုပ္ေဆာင္သြား မွာျဖစ္ၿပီး ေက်ာင္းဝင္းအတြင္း လူစည္ကားတဲ့ ေနရာေတြမွာ လမ္းျပမီးေတြ တပ္ဆင္ၿပီး အသြားအလာကို ထိန္းခ်ဳပ္သြားမွာ ျဖစ္ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ အခု သီတင္းပတ္ေတြ အတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါပိုး ေတြ႕ရွိသူ မ်ားေနေပမယ့္ ေသဆုံးမႈမွာ အလြန္နည္းပါးေၾကာင္း သိရပါတယ္။

Unicode

ပြင်သစ် တက္ကသိုလ်ပြန်ဖွင့်ချိန်မှာ မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့ ပညာရေးဝန်ကြီး ပြောကြား

ပြင်သစ်နိုင်ငံက တက္ကသိုလ်တွေဟာ စက်တင်ဘာလမှာ ပြန်ဖွင့်ရန် ပြင်ဆင်ထားပြီး ကျောင်းသူ၊ ကျောင်းသားတွေကို မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားပါတယ်။

တက္ကသိုလ်တွေကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့ကူးစက်တဲ့အတွက် မတ်လ ၁၆ ရက် နေ့ကစပြီး ပိတ်ထားခဲ့ပါတယ်။ အထက်တန်းကျောင်းတွေကိုတော့ မေ ၁၁ ရက်နေ့မှာ တဖြည်းဖြည်း ပြန်ဖွင့်ခဲ့ပေမယ့် နိုင်ငံတွင်းရှိ တက္ကသိုလ် ၇၄ ခုကိုတော့ ဆက်လက် ပိတ်ထားခဲ့ပါတယ်။စာသင်ခန်းတွေထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေကို မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုထားပေမယ့် ဓါတ်ခွဲခန်းတွေမှာတော့ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်လို့ သိရပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ဗိုင်းရပ်စ်ပိုး မကူးစက်အောင် တားဆီးတဲ့ အနေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တစ်ဦးနဲ့တစ်ဦး တစ်မီတာ အကွာမှာ ရှိကြရန် စည်းမျဉ်းတွေ ပါရှိပါတယ်။
စာသင်ခန်းတွေမှာ တစ်နေ့ကို နှစ်ကြိမ် လေဝင်လေထွက်ရှိအောင် လုပ်ဆောင်သွား မှာဖြစ်ပြီး ကျောင်းဝင်းအတွင်း လူစည်ကားတဲ့ နေရာတွေမှာ လမ်းပြမီးတွေ တပ်ဆင်ပြီး အသွားအလာကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ အခု သီတင်းပတ်တွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ များနေပေမယ့် သေဆုံးမှုမှာ အလွန်နည်းပါးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *