မရွိမဲ့ရွိမဲ့စုထားတဲ့ပိုက္ဆံေလးနဲ႕ဆာတဲ့သူေတြကို မုန္႕ေတြလိုက္ေ၀ေပးေနတဲ့ အဘ

ျမန္မာျပည္သူေတြရဲ႕ စိတ္ထားက ႐ိုးသားသလို ေပးဆပ္တဲ့ ႏွလုံးသားက မ်ားတယ္။ အေရးအေၾကာင္းဆို ေဖးကူေပးလႉခ်င္ၾကတာကိုက ျမန္မာ့စိတ္ရင္းလို႔ ဆိုႏိုင္ေပတယ္။

အခုလည္း အသက္အ႐ြယ္အရ အဘိုးအ႐ြယ္ျဖစ္ေနေပမယ့္ ျဖတ္သန္းခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြအရ စိတ္ဓာတ္အားမာန္က ထက္သန္ေနတဲ့ အဖိုးတစ္ေယာက္ဟာ ကိုယ္တိုင္က ႏြမ္းပါေပမယ့္

တက္စြမ္းသမွ် ကူ၊ ႏိုင္သေလာက္ ပါဝင္တဲ့အေနနဲ႔ စစ္ေကာင္စီျပဳတ္က်ေရး ၊ ဒီမိုကေရစီ ျပန္လည္ရရွိေရးအတြက္ အသက္ကို ပဓာနမထားဘဲ စြန္႔စားကာ သပိတ္စစ္ေၾကာင္း ထြက္ေနတဲ့ လူငယ္ေလးေတြအတြက္

မရွိမဲ့ရွိမဲ့ စုထားတဲ့ ပိုက္ဆံေလးေတြနဲ႔ မုန႔္ေလးေတြ ဝယ္လာၿပီး ငါ့သားတို႔ စားၾက ဗိုက္ဆာတဲ့သူလာစားၾကတဲ့ဆိုၿပီး အသက္အ႐ြယ္အရတုန္တုန္ရီရီနဲ႔ျဖစ္ေနေပမယ့္ မေမာႏိုင္မပမ္းႏိုင္ မုန႔္ေလးေတြလိုက္ေဝ၊

အဝတ္အစားကခပ္ႏြမ္းႏြမ္း ဖိနပ္ေလးက ၾကက္ေပါင္၊ လမ္းကလဲေကာင္းေကာင္း မေလ်ာက္ႏိုင္၊ အသက္အ႐ြယ္ ႀကီးေပမယ့္ လက္သုံးေခ်ာင္းေထာင္ၿပီး၊ အေရးေတာ္ပုံေအာင္ရမယ္တဲ့။

ေၾသာ္ အဘိုးရယ္ အသက္ႀကီးေပမယ့္ အမွန္တရားကို ျမတ္ႏိုး တိုင္းျပည္အတြက္စိတ္အားမာန္ႀကီးရွာတဲ့ အဘိုး၊ အဘိုးေၾကာင့္ လူငယ္ေတြ ခြန္အားျဖစ္ရပါတယ္ အဘိုးေရ။

Unicode

မရှိမဲ့ရှိမဲ့စုထားတဲ့ပိုက်ဆံလေးနဲ့ဆာတဲ့သူတွေကို မုန့်တွေလိုက်ဝေပေးနေတဲ့ အဘ

မြန်မာပြည်သူတွေရဲ့ စိတ်ထားက ရိုးသားသလို ပေးဆပ်တဲ့ နှလုံးသားက များတယ်။ အရေးအကြောင်းဆို ဖေးကူပေးလှူချင်ကြတာကိုက မြန်မာ့စိတ်ရင်းလို့ ဆိုနိုင်ပေတယ်။

အခုလည်း အသက်အရွယ်အရ အဘိုးအရွယ်ဖြစ်နေပေမယ့် ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ စိတ်ဓာတ်အားမာန်က ထက်သန်နေတဲ့ အဖိုးတစ်ယောက်ဟာ ကိုယ်တိုင်က နွမ်းပါပေမယ့်

တက်စွမ်းသမျှ ကူ၊ နိုင်သလောက် ပါဝင်တဲ့အနေနဲ့ စစ်ကောင်စီပြုတ်ကျရေး ၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်စားကာ သပိတ်စစ်ကြောင်း ထွက်နေတဲ့ လူငယ်လေးတွေအတွက်

မရှိမဲ့ရှိမဲ့ စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ မုန့်လေးတွေ ဝယ်လာပြီး ငါ့သားတို့ စားကြ ဗိုက်ဆာတဲ့သူလာစားကြတဲ့ဆိုပြီး အသက်အရွယ်အရတုန်တုန်ရီရီနဲ့ဖြစ်နေပေမယ့် မမောနိုင်မပမ်းနိုင် မုန့်လေးတွေလိုက်ဝေ၊

အဝတ်အစားကခပ်နွမ်းနွမ်း ဖိနပ်လေးက ကြက်ပေါင်၊ လမ်းကလဲကောင်းကောင်း မလျောက်နိုင်၊ အသက်အရွယ် ကြီးပေမယ့် လက်သုံးချောင်းထောင်ပြီး၊ အရေးတော်ပုံအောင်ရမယ်တဲ့။

သြော် အဘိုးရယ် အသက်ကြီးပေမယ့် အမှန်တရားကို မြတ်နိုး တိုင်းပြည်အတွက်စိတ်အားမာန်ကြီးရှာတဲ့ အဘိုး၊ အဘိုးကြောင့် လူငယ်တွေ ခွန်အားဖြစ်ရပါတယ် အဘိုးရေ။

By mmnews

Leave a Reply

Your email address will not be published. Required fields are marked *