ေ႐ြးေကာက္ပြဲက်င္းပခြင့္ကို KIA ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရ

ေ႐ြးေကာက္ပြဲက်င္းပခြင့္ကို KIA ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရ

ကခ်င္လက္နက္ကိုင္အဖြဲ႕ (KIA) ထိန္းခ်ဳပ္ နယ္ေျမမ်ားတြင္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရး အပါအဝင္ ေ႐ြးေကာက္ပြဲ က်င္းပျခင္းကို ခြင့္ျပဳမွာ မဟုတ္ေၾကာင္း KIA အဖြဲ႕မွ ေျပာေရးဆိုခြင္ရွိသူ ဗိုလ္မႉးႀကီးေနာ္ဘူ၏ေျပာၾကားခ်က္အရ သိရသည္။

ဗိုလ္မႉးႀကီးေနာ္ဘူက ခါတိုင္းကေတာ့ KIO ထိန္းခ်ဳပ္နယ္ေျမမွာ မဲဆြယ္တာေတြ။ ေ႐ြးေကာက္ပြဲ က်င္းပတာေတြ ခြင့္ျပဳေလ့မရွိပါဘူး။ ဘယ္ေတာ့မွ ကြၽန္ေတာ္တို႔ မလုပ္ဖူးပါဘူး။ ဒါမ်ိဳးေတာ့။ အခု ေလာေလာဆယ္ ကေတာ့။ အခုထက္ထိကေတာ့ အဲလိုပဲ ျဖစ္မွာပါ။ မနက္ျဖန္ သဘက္ခါ ဘယ္လို Policy အေျပာင္းအလဲ ရွိလာမွာ ဆိုတာကတာ့ ကြၽန္ေတာ္လည္း ေျပာလို႔မရဘူး။ အခုထက္ထိကေတာ့ ခြင့္မျပဳဘူး ဟု ဆိုသည္။

KIA အေနျဖင့္ ေ႐ြးေကာက္ပြဲကို အသိအမွတ္ မျပဳျခင္းေတာ့မဟုတ္ သို႔ေသာ္ ၎တို႔ႏွင့္ ေ႐ြးေကာက္ပြဲ ဆက္စပ္မႈမရွိေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာၾကားသည္။

ကြၽန္ေတာ္တို႔က အစိုးရကို လက္နက္ကိုင္ၿပီးမွ ေတာ္လွန္ေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ ဆိုေတာ့ အစိုးရလုပ္ေနတဲ့ ေ႐ြးေကာက္ပြဲထဲမွာ ကြၽန္ေတာ္တို႔ကေတာ့ ပါဝင္စရာလည္း အေၾကာင္းမရွိဘူး ျဖစ္ေနတာ။ အဲဒါေၾကာင့္ ဆက္စပ္မႈ မရွိဘူးဆိုတာေတာ့ ကြၽန္ေတာ္တို႔ ေျပာတာပါ ဟု ၎ကဆိုသည္။
ထို႔အျပင္ KIA အေနျဖင့္ ေ႐ြးေကာက္ပြဲကို ေႏွာင့္ယွက္မည္ မဟုတ္ေၾကာင္း၊ အစိုးရထိန္းခ်ဳပ္ နယ္ေျမမ်ားတြင္ ေ႐ြးေကာက္ပြဲကို လြတ္လပ္စြာ လုပ္ခြင့္ရွိၿပီး ၎တို႔အေနျဖင့္ အႏွာင့္အယွက္ ေပးမည္ မဟုတ္ေၾကာင္းကို ဗိုလ္မႉးႀကီးေနာ္ဘူက ထပ္ေလာင္းေျပာၾကားသည္။

KIA နည္းတူ NCA တြင္ လက္မွတ္ေရးထိုးထားျခင္း မရွိေသာ ‘ဝ” အဖြဲ႕ (UWSA) ကလည္း ၎တို႔၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိသည့္ ပန္ဝိုင္ၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္၊ ပန္ဆန္းၿမိဳ႕နယ္ႏွင့္ နားဖန္းၿမိဳ႕နယ္ မ်ားတြင္ ေ႐ြးေကာက္ပြဲ က်င္းပခြင့္မျပဳေၾကာင္းကို ေျပာၾကားထားသည္။ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က လာမည့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

Unicode

ရွေးကောက်ပွဲကျင်းပခွင့်ကို KIA ထိန်းချုပ်နယ်မြေများတွင် ခွင့်ပြုမည်မဟုတ်ကြောင်း သိရ

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ် နယ်မြေများတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲ ကျင်းပခြင်းကို ခွင့်ပြုမှာ မဟုတ်ကြောင်း KIA အဖွဲ့မှ ပြောရေးဆိုခွင်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၏ပြောကြားချက်အရ သိရသည်။

ဗိုလ်မှူးကြီးနော်ဘူက ခါတိုင်းကတော့ KIO ထိန်းချုပ်နယ်မြေမှာ မဲဆွယ်တာတွေ။ ရွေးကောက်ပွဲ ကျင်းပတာတွေ ခွင့်ပြုလေ့မရှိပါဘူး။ ဘယ်တော့မှ ကျွန်တော်တို့ မလုပ်ဖူးပါဘူး။ ဒါမျိုးတော့။ အခု လောလောဆယ် ကတော့။ အခုထက်ထိကတော့ အဲလိုပဲ ဖြစ်မှာပါ။ မနက်ဖြန် သဘက်ခါ ဘယ်လို Policy အပြောင်းအလဲ ရှိလာမှာ ဆိုတာကတာ့ ကျွန်တော်လည်း ပြောလို့မရဘူး။ အခုထက်ထိကတော့ ခွင့်မပြုဘူး ဟု ဆိုသည်။

KIA အနေဖြင့် ရွေးကောက်ပွဲကို အသိအမှတ် မပြုခြင်းတော့မဟုတ် သို့သော် ၎င်းတို့နှင့် ရွေးကောက်ပွဲ ဆက်စပ်မှုမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကျွန်တော်တို့က အစိုးရကို လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆိုတော့ အစိုးရလုပ်နေတဲ့ ရွေးကောက်ပွဲထဲမှာ ကျွန်တော်တို့ကတော့ ပါဝင်စရာလည်း အကြောင်းမရှိဘူး ဖြစ်နေတာ။ အဲဒါကြောင့် ဆက်စပ်မှု မရှိဘူးဆိုတာတော့ ကျွန်တော်တို့ ပြောတာပါ ဟု ၎င်းကဆိုသည်။
ထို့အပြင် KIA အနေဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်မည် မဟုတ်ကြောင်း၊ အစိုးရထိန်းချုပ် နယ်မြေများတွင် ရွေးကောက်ပွဲကို လွတ်လပ်စွာ လုပ်ခွင့်ရှိပြီး ၎င်းတို့အနေဖြင့် အနှာင့်အယှက် ပေးမည် မဟုတ်ကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက ထပ်လောင်းပြောကြားသည်။

KIA နည်းတူ NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော ‘ဝ” အဖွဲ့ (UWSA) ကလည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဆန်းမြို့နယ်နှင့် နားဖန်းမြို့နယ် များတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်းကို ပြောကြားထားသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *