စစ္ကိုင္းၿမိဳ႕၊ဧရာ၀တီတံတား(ရတနာပုံ)မွ ခုန္ခ်ခဲ့သည့္ အမ်ိဳးသားကုိ သုံးရက္အၾကာ‌တြင္ေတြ႕ရွိ

စစ္ကိုင္းၿမိဳ႕၊ဧရာ၀တီတံတား(ရတနာပုံ)မွ ခုန္ခ်ခဲ့သည့္ အမ်ိဳးသားကုိ သုံးရက္အၾကာ‌တြင္ေတြ႕ရွိ

စစ္ကိုင္းၿမိဳ႕၊ ဧရာ၀တီတံတား (ရတနာပုံ)မွ စစ္ကိုင္းဘက္ျခမ္းေပၚမွ ဩဂုတ္ ၁၁က အမ်ိဴသားတစ္ဦးခုန္ခ်မႈျဖစ္ပြားခဲ့ၿပီး ခုန္ခ်သူ၏ ႐ုပ္အေလာင္းအားယေန႔ ဩဂုတ္ ၁၃နံနက္ပိုင္းတြင္ စစ္ကိုင္းၿမိဳ႕၊ဧျမ၀တီဆိပ္တြင္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)ထံမွသိရသည္။

မႏၲေလးၿမိဳ႕ ႏွင့္ စစ္ကိုင္းၿမိဳ႕ကို ဆက္သြယ္ထားသည့္ ဧရာဝတီတံတား (ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းမွ ၾသဂုတ္လ ၁၁ ရက္ေန႔ မြန္းလြဲ ၂ နာရီေက်ာ္ အခ်ိန္ခန႔္က အမ်ိဳးသားတစ္ဦး ဧရာဝတီျမစ္အတြင္း ခုန္ခ်ခဲ့သျဖင့္ စစ္ကိုင္းခ႐ိုင္၊ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ၊အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)၊သုခကာရီလူမႈကူညီေရးအသင္းတို႔မွေရျပင္ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း မေတြ႕ရွိေၾကာင္း၊ခုန္ခ်သြားသည့္ အမ်ိဳးသားမွာ ကိုသိန္းထိုက္ (၃၉)ႏွစ္၊တေကာင္းရပ္ နယ္ေျမ (၄)၊ စစ္ကိုင္းၿမိဳ႕ျဖစ္ေၾကာင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)ထံမွသိရသည္။

“စစ္ကိုင္း၊ဧျမ၀တီဆိပ္ကမ္းမွာ ဒီမနက္၆နာရီ‌ေက်ာ္မွာ အေလာင္းေပၚလာလို႔ ကြၽန္ေတာ္တို႔အဖြဲ႕က သြားေရာက္ဆယ္ယူထုပ္ပိုးၿပီး သယ္ခဲ့ပါတယ္။ ႐ုပ္အေလာင္းကို အိုးဘိုလူမႈကူညီေရးယာဥ္နဲ႔ စစ္ကိုင္းခုတင္ ၂၀၀ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ပါတယ္”ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ ကိုရႈိင္းကို ကေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အင္းဝတံတား (စစ္ကိုင္း)ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ ငါးႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီအတြင္း ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ေက်ာင္းသားတစ္ဦး ခုန္ခ်ေသဆုံးမႈ တစ္ႀကိမ္၊ေမ၂၄ ရက္ေန႔က အင္းဝတံတားေပၚမွ အမႊာညီအမႏွစ္ဦး ခုန္ခ်ေသဆုံးမႈ တစ္ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္းသိရၿပီး ယခုျဖစ္စဥ္အပါအ၀င္ ၂၀၂၀ခုႏွစ္အတြင္း တံတားႏွစ္စင္းေပၚမွခုန္ခ်ေသဆုံးမႈ စုစုေပါင္းသုံးႀကိမ္၊လူေလးဦး ရွိခဲ့ကာ တစ္ဦးမွ အသက္ရွင္လ်က္ကယ္ဆယ္မရခဲ့ေၾကာင္းသိရသည္။

Unicode

စစ်ကိုင်းမြို့၊ဧရာဝတီတံတား(ရတနာပုံ)မှ ခုန်ချခဲ့သည့် အမျိုးသားကို သုံးရက်အကြာ‌တွင်တွေ့ရှိ

စစ်ကိုင်းမြို့၊ ဧရာဝတီတံတား (ရတနာပုံ)မှ စစ်ကိုင်းဘက်ခြမ်းပေါ်မှ ဩဂုတ် ၁၁က အမျိူသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ခုန်ချသူ၏ ရုပ်အလောင်းအားယနေ့ ဩဂုတ် ၁၃နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ဧမြဝတီဆိပ်တွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ထံမှသိရသည်။

မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော် အချိန်ခန့်က အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့သဖြင့် စစ်ကိုင်းခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့ ၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊သုခကာရီလူမှုကူညီရေးအသင်းတို့မှရေပြင်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ရှိကြောင်း၊ခုန်ချသွားသည့် အမျိုးသားမှာ ကိုသိန်းထိုက် (၃၉)နှစ်၊တကောင်းရပ် နယ်မြေ (၄)၊ စစ်ကိုင်းမြို့ဖြစ်ကြောင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ထံမှသိရသည်။

“စစ်ကိုင်း၊ဧမြဝတီဆိပ်ကမ်းမှာ ဒီမနက်၆နာရီ‌ကျော်မှာ အလောင်းပေါ်လာလို့ ကျွန်တော်တို့အဖွဲ့က သွားရောက်ဆယ်ယူထုပ်ပိုးပြီး သယ်ခဲ့ပါတယ်။ ရုပ်အလောင်းကို အိုးဘိုလူမှုကူညီရေးယာဉ်နဲ့ စစ်ကိုင်းခုတင် ၂၀၀ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်”ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုရှိုင်းကို ကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ငါးကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီအတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ကျောင်းသားတစ်ဦး ခုန်ချသေဆုံးမှု တစ်ကြိမ်၊မေ၂၄ ရက်နေ့က အင်းဝတံတားပေါ်မှ အမွှာညီအမနှစ်ဦး ခုန်ချသေဆုံးမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရပြီး ယခုဖြစ်စဉ်အပါအဝင် ၂၀၂၀ခုနှစ်အတွင်း တံတားနှစ်စင်းပေါ်မှခုန်ချသေဆုံးမှု စုစုပေါင်းသုံးကြိမ်၊လူလေးဦး ရှိခဲ့ကာ တစ်ဦးမှ အသက်ရှင်လျက်ကယ်ဆယ်မရခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *