Unicode
သြဂုတ်လ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ လစာဖြင့် ဝါဆိုသင်္ကန်း (၁၂၀၀) လှူဒါန်း
နိုင်ငံတော် ၏ အတိုင်ပင်ခံမှ လှူဒါန်း အပ်သည့် ဝါဆိုသင်္ကန်း (၁၂၀၀) ကို အလှူရှင်ကိုယ်စား မွန်မြည်နယ်အဖွဲ့က တာဝန်ရှိသူများမှ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည် ။ ၊မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်းမှ တာဝန်ယူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏လစာများဖြင့် မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ အတွက်လှူဒါန်းပေးခဲ့တဲ့ သင်္ကန်း ၁၂၀၀ ကို အခြားကျောင်းများသို့ ဆက်လက်ဖြန့်ဝေ ကပ်လှူသွားမည်ဟုသိရသည် ။။
ယင်းအလှူအကြောင်းကို သာသနာနွယ် ဆရာတော် အရှင်ဆန္ဒဇောတိ ၏ လူမှုကွန်ယက် စာမျက်နှာတွင် “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်မှ ကပ်လှူခိုင်းလိုက်သော ဝါဆိုသင်္ကန်းအား ဒကာမကြီးကိုယ်စား ပြည်နယ်အစိုးရ ဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ NLDပါတီဝင်များ မှ ကျောင်းသို့လာရောက်၍ ဆက်ကပ်လှူဒါန်းကြပါတယ်။
ဒကာမကြီး လိုလားတောင့်တနေသော ငြိမ်းချမ်းရေးကြီး အမြန်ဆုံး ရရှိပါစေ။” လို့သာသနာနွယ် ဆရာတော် အရှင်စန္ဒဇောတိက မိန့်ကြားရေးသားထားပါတယ်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *