မဂၤလာေတာင္ၫြန႔္ၿမိဳနယ္ ၁၁၃ လမ္းေနာက္ေဖးလမ္းၾကားတြင္ လူတစ္ဦး ဓာတ္လိုက္ေသဆုံး

ရန္ကုန္တိုင္းေဒသႀကီး မဂၤလာေတာင္ၫြန႔္ၿမိဳနယ္ ၁၁၃ လမ္းေနာက္ေဖးလမ္းၾကားတြင္ ယေန႔ ၾသဂုတ္လ ၂၃ ရက္ မြန္းတည့္အခ်ိန္ခန႔္က လူတစ္ဦး ဓာတ္လိုက္ေသဆုံးခဲ့ေၾကာင္း ဖို႔ေျမလူမႈကယ္တယ္ေရးအသင္း၏ နာယကလည္း ျဖစ္ ဖို႔ေျမရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးလည္း ျဖစ္ေသာ ဦးေဇာ္ဝင္းထြန္းက ျပည္ျမန္မာကို ေျပာ သည္။
၁၁၃ လမ္းေနာက္ေဖးလမ္းၾကားတြင္ Air Con ဝါယာႀကိဳးစ ႏွစ္စ တင္ေနေသာ အိမ္ေနာက္ဖက္သံပန္းတံခါးကို ကိုင္မိရာမွ ဓာတ္လိုက္ေသဆုံးခဲ့ေၾကာင္း၊ယင္းေသဆုံးသူမွာ ဒလၿမိဳ႕ ေမွာ္စက္ရပ္ေနထိုင္သူ အသက္(၂၇) ႏွစ္ အ႐ြယ္ ပလုံေကာက္ေသာ အၿပဳံးဆိုသူ ျဖစ္ေၾကာင္း ၎က ဆိုသည္။

ယခုအခါ အဆိုပါ ေသဆုံးသူကို ဘိုကေလးေဈး၊ဖို႔ေျမ၊ ၾကယ္စင္လင္းလက္လူမႈ ကယ္ဆယ္ေရးအသင္း၊မဂၤလာ ေတာင္ၫြန႔္ရဲတပ္ဖြဲ႕ဝင္မ်ားက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ေရခဲတိုက္သို႔ (PR-052)ျဖင့္ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။
unicode
မင်္ဂလာတောင်ညွန့်မြိုနယ် ၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် လူတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ် ၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် ယနေ့ သြဂုတ်လ ၂၃ ရက် မွန်းတည့်အချိန်ခန့်က လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဖို့မြေလူမှုကယ်တယ်ရေးအသင်း၏ နာယကလည်း ဖြစ် ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှုးလည်း ဖြစ်သော ဦးဇော်ဝင်းထွန်းက ပြည်မြန်မာကို ပြော သည်။

၁၁၃ လမ်းနောက်ဖေးလမ်းကြားတွင် Air Con ဝါယာကြိုးစ နှစ်စ တင်နေသော အိမ်နောက်ဖက်သံပန်းတံခါးကို ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း၊ယင်းသေဆုံးသူမှာ ဒလမြို့ မှော်စက်ရပ်နေထိုင်သူ အသက်(၂၇) နှစ် အရွယ် ပလုံကောက်သော အပြုံးဆိုသူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ အဆိုပါ သေဆုံးသူကို ဘိုကလေးဈေး၊ဖို့မြေ၊ ကြယ်စင်လင်းလက်လူမှု ကယ်ဆယ်ရေးအသင်း၊မင်္ဂလာ တောင်ညွန့်ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ (PR-052)ဖြင့်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။