စာရင္းကိုင္ဝန္ထမ္း အိပ္ငိုက္ရာမွ ေဒၚလာ သန္း ၂၀၀ ေက်ာ္ မွားယြင္းၿပီးလႊဲမိ

စာရင္းကိုင္ဝန္ထမ္း အိပ္ငိုက္ရာမွ ေဒၚလာ သန္း ၂၀၀ ေက်ာ္ မွားယြင္းၿပီးလႊဲမိ

ကြန္ပ်ဴတာ ခလုတ္ႏွစ္ခုမွားယြင္းၿပီး ႏွိပ္မိရာကေန ေဒၚလာ သန္း နဲ႔ခ်ီၿပီးဆုံးရႈံးသြားခဲ့ရတဲ့ အံ့ၾသစရာေကာင္းတဲ့အျဖစ္တစ္ခု ဂ်ာမနီ ဘဏ္တစ္ခုမွာ ျဖစ္ပြားခဲ့ပါတယ္။ ဘဏ္ကကြန္ျပဴတာ စာရင္းကိုင္ အလုပ္သမားတစ္ဦးက ႐ုံးသုံးကြန္ပ်ဴတာေပၚ အိပ္ငိုက္သြားမိခဲ့ရာမွ ခလုတ္ေတြကို ဖိမိခဲ့သြားၿပီးေတာ့ ဘဏ္ေငြေတြသန္းနဲ႔ခ်ီကတျခား ျပင္ပသို႔ ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

ေငြလႊဲတန္ေငြေၾကး ၆၂ ေဒၚလာလႊဲရမႈအစား မွားယြင္ၿပီး အျခားေငြ စာရင္းသို႔ ေဒၚလာ သန္း ၂၀၀ ေက်ာ္ကို လႊဲလိုက္မိတာပဲ ျဖစ္ပါ တယ္။ ေခါင္းငိုက္စိုက္က်ၿပီး ၂ ဂဏာန္းေပါင္းမ်ားစြာကို ႏွိပ္လိုက္ မိျခင္းပဲျဖစ္ပါတယ္။

Cropped image of hands of businesspeople working together on business project at office – Consulting

ဒီမေတာ္တဆမႈအတြက္ ဘဏ္မွာေငြေၾကးဆုံးရႈံးမႈမ်ားစြာျဖစ္ေပၚခဲ့ တာေၾကာင့္ တာဝန္ရွိသူ ႏွစ္ဦးကို အလုပ္ကထုတ္ပယ္ခဲ့ပါတယ္။ တရား႐ုံးေတာ္တရားစြဲဆိုမႈမွာလည္း အမွန္တကယ္ တာဝန္ရွိတဲ့ ဝန္ထမ္းကို အလုပ္ကထုတ္ပယ္ခြင့္ျပဳသင့္တယ္လို႔လည္း ဆုံးျဖတ္ ေပးခဲ့ပါတယ္။

Unicode

စာရင်းကိုင်ဝန်ထမ်း အိပ်ငိုက်ရာမှ ဒေါ်လာ သန်း ၂၀၀ ကျော် မှားယွင်းပြီးလွှဲမိ

ကွန်ပျူတာ ခလုတ်နှစ်ခုမှားယွင်းပြီး နှိပ်မိရာကနေ ဒေါ်လာ သန်း နဲ့ချီပြီးဆုံးရှုံးသွားခဲ့ရတဲ့ အံ့သြစရာကောင်းတဲ့အဖြစ်တစ်ခု ဂျာမနီ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘဏ်ကကွန်ပြူတာ စာရင်းကိုင် အလုပ်သမားတစ်ဦးက ရုံးသုံးကွန်ပျူတာပေါ် အိပ်ငိုက်သွားမိခဲ့ရာမှ ခလုတ်တွေကို ဖိမိခဲ့သွားပြီးတော့ ဘဏ်ငွေတွေသန်းနဲ့ချီကတခြား ပြင်ပသို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ငွေလွှဲတန်ငွေကြေး ၆၂ ဒေါ်လာလွှဲရမှုအစား မှားယွင်ပြီး အခြားငွေ စာရင်းသို့ ဒေါ်လာ သန်း ၂၀၀ ကျော်ကို လွှဲလိုက်မိတာပဲ ဖြစ်ပါ တယ်။ ခေါင်းငိုက်စိုက်ကျပြီး ၂ ဂဏာန်းပေါင်းများစွာကို နှိပ်လိုက် မိခြင်းပဲဖြစ်ပါတယ်။

ဒီမတော်တဆမှုအတွက် ဘဏ်မှာငွေကြေးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ တာကြောင့် တာဝန်ရှိသူ နှစ်ဦးကို အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။ တရားရုံးတော်တရားစွဲဆိုမှုမှာလည်း အမှန်တကယ် တာဝန်ရှိတဲ့ ဝန်ထမ်းကို အလုပ်ကထုတ်ပယ်ခွင့်ပြုသင့်တယ်လို့လည်း ဆုံးဖြတ် ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *