မိန်းကလေး အများစု သိချင်နေကြတဲ့ သင်္ဘောရွက်နဲ့ ဆံပင်ရှည် မြန်အောင်လုပ်မယ်

မိန်းကလေး အများစု သိချင်နေကြတဲ့ သင်္ဘောရွက်နဲ့ ဆံပင်ရှည် မြန်အောင်လုပ်မယ်

သင်္ဘောရွက်နဲ့ ဆံပင်ရှည်မြန်အောင်လုပ်မယ် 💁‍♀️ချစ်တို့ရေ… ဒီနေ့ Irene က မိန်းကလေး အများစု သိချင်နေကြတဲ့လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်နော်။ဒါကတော့ ဆံပင်ရှည်မြန်အောင်လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။

အားလုံး အလွယ်တကူရှာလို့ရတဲ့ သင်္ဘောရွက်ကို အဓိကသုံးပြီးလုပ်ပြသွားမှာမို့ အိမ်မှာကိုယ်တိုင်လုပ်နိုင်ပြီနော် 🤗သင်္ဘောရွက်ဟာ ဆံပင်ရှည်မြန်စေရုံသာမက ဆံပင်ပါးတာ၊ ဆံလုံးသေးတာ၊ဆံပင်ဖြူတာအပြင် ဗောက်အတွက်ပါ အရမ်းကောင်းတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။

ကဲ… စာအများကြီးမရေးတော့ဘူး။ လုပ်နည်းလေးဆီပဲ သွားလိုက်ရအောင်နော်။ပါဝင်ပစ္စည်းသင်္ဘောရွက် – ၂ ရွက်ဆန်ဆေးရည် – ပန်းကန်လုံးနဲ့ တစ်ခွက်သံပုရာသီး – ၁ လုံးပြုလုပ်ပုံသင်္ဘောရွက် ၂ ရွက် ကို ရေဆေးပါ။

ကတ်ကြေး (သို့) ဓားဖြင့် အပိုင်းပိုင်းလှီးဖြတ်ပါ။လှီးဖြတ်ထားသော သင်္ဘောရွက်များကို ဆန်ဆေးရည်တစ်ခွက်နဲ့ ရောပြီး Blender ထဲထည့်ကျိတ်ပါ။အဖတ်များကို ဇကာဖြင့်စစ်ထုတ်ပါ။စစ်ထုတ်ပြီး ရလာတဲ့ အရည်ကို ဆူအောင်တည်ပါ။

အေးလာသည်အထိ အအေးခံထားပါ။ပွက်ပွက်ဆူထားသော သင်္ဘောရည်ထဲသို့ သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။အသုံးပြုပုံခေါင်းမလျှော်မီ ဦးရေပြားနေရာအနှံ့ လိမ်းကာ နှိပ်နယ်ပေးပါ။နာရီဝက် – ၁ နာရီ ခန့်အထိ ထားပါ။ပုံမှန်သုံးနေကျအတိုင်း Shampoo ဖြင့် ခေါင်းလျှော်ပါ။

တစ်ပတ်တစ်ကြိမ်လုပ်ပါ။ ဆံပင်ရှည်မြန်လာပါလိမ့်မယ်။မှတ်ချက်မကျို/မချက်ထားသော အရည်ကိုမသုံးပါနဲ့။ အစေးကြောင့် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေရှင်

Zawgyi








Published
Categorized as Health

Leave a comment

Your email address will not be published.