ကိုယ်အလေးချိန်ကျချင်သူများ သောက်သင့်တဲ့ အကောင်းဆုံး အရည် (၆)မျိုး

ကိုယ်အလေးချိန်ကျချင်သူများ သောက်သင့်တဲ့ အကောင်းဆုံး အရည် (၆)မျိုး

၁။ရေ
ရေကတော့ မပါမဖြစ်ပေါ့ ။ လေ့ကျင့်ခန်းလုပ်ရင်း ကုန်ဆုံးသွားသောရေဓါတ်ဖြည့်တင်းပေးဖို့အတွက်အခြားသော ဖျော်ရည်တွေထက် ရေသောက်ပေးတာက အကောင်းဆုံးပါပဲ။အချို့က လေ့ကျင့်ခန်းမလုပ်ခင် ရေထဲကို သံပုယိုထည့်ကာ သောက်သုံးပေးခြင်းက အဆီတွေကို ပိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

၂။ဟင်းသီးဟင်းရွက်စွပ်ပြုတ်

မိမိနှစ်သက်သော အသီးအရွက်တွေကို စွပ်ပြုတ်လုပ်ကာ ညစာမစားခင်မှာ စားသုံးပေးမယ်ဆိုရင်အာဟာရလည်း ဖြစ်ပြီး ခန္ဓာကိုယ်တွင်း ကယ်လိုရီတွေကိုလည်း နည်းလာစေမှာပါ ။

၃။Green Tea

Green Tea က ဝိတ်ကျလိုသူတွေအတွက်သာမက နှလုံး ၊ အသည်း ၊ ကျောက်ကပ် စသဖြင့် အတွင်းကလီစာတွေအတွက်လည်း ကောင်းမွန်ပါတယ် ။ရောဂါဖြစ်စေမှုတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်စေတာကြောင့် နေ့စဉ် Green Tea တစ်ခွက် ၊ နှစ်ခွက်ခန့်တော့ သောက်ပေးသင့်ပါတယ် ။

၄။ အသီးအရွက် ဖျော်ရည်

အသီးအရွက်ကို စွပ်ပြုတ်လုပ်သောက်ရမှာ မကြိုက်တဲ့သူတွေအတွက်ကတော့ကိုယ်ကြိုက်တဲ့ အသီးအရွက်တွေကို blender ထဲထည့်ကာ အအေးလိုလည်း ဖျော်သောက်ပေးနိုင်ပါတယ် ။အသီးအရွက်ဆိုရာတွင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

၅။Black Coffee

ကော်ဖီကြိုက်သူများအနေနဲ့ အခြားကော်ဖီတွေထက် black coffee ကို ရွေးချယ် သောက်သင့်ပါတယ် ။black coffee မှာပါဝင်တဲ့ Caffeine ဓါတ်က အဆီတွေကို မြန်မြန်လောင်ကျွမ်းစေပြီး အားအင်တိုးကာ လန်းဆန်းတက်ကြွစေပါတယ် ။သို့သော် အစာမရှိချိန်မှာမသောက်သင့်သလို တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီးလည်း မသောက်သင့်ပါဘူး။

၆။အဆီထုတ်ထားသောနွားနို့

အဆီထုတ်ထားသော နို့မှာ ပရိုတိန်းဓါတ်များစွာ ပါဝင်တဲ့အပြင်ဗီတာမင်ဒီ နှင့် ကယ်လ်စီယမ်ဓါတ် ကြွယ်ဝတာကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။အဆီထုတ်ထားတာကြောင့် ဝိတ်တက်မှာလည်း စိတ်ပူစရာမလိုပါဘူး ။

Zawgyi

ကိုယ္အေလးခ်ိန္က်ခ်င္သူမ်ား ေသာက္သင့္တဲ့ အေကာင္းဆုံး အရည္ (၆)မ်ိဳး

၁။ေရ
ေရကေတာ့ မပါမျဖစ္ေပါ့ ။ ေလ့က်င့္ခန္းလုပ္ရင္း ကုန္ဆုံးသြားေသာေရဓါတ္ျဖည့္တင္းေပးဖို႔အတြက္အျခားေသာ ေဖ်ာ္ရည္ေတြထက္ ေရေသာက္ေပးတာက အေကာင္းဆုံးပါပဲ။အခ်ိဳ႕က ေလ့က်င့္ခန္းမလုပ္ခင္ ေရထဲကို သံပုယိုထည့္ကာ ေသာက္သုံးေပးျခင္းက အဆီေတြကို ပိုေလာင္ကြၽမ္းေစတယ္လို႔ ဆိုပါတယ္။

၂။ဟင္းသီးဟင္း႐ြက္စြပ္ျပဳတ္

မိမိႏွစ္သက္ေသာ အသီးအ႐ြက္ေတြကို စြပ္ျပဳတ္လုပ္ကာ ညစာမစားခင္မွာ စားသုံးေပးမယ္ဆိုရင္အာဟာရလည္း ျဖစ္ၿပီး ခႏၶာကိုယ္တြင္း ကယ္လိုရီေတြကိုလည္း နည္းလာေစမွာပါ ။

၃။Green Tea

Green Tea က ဝိတ္က်လိုသူေတြအတြက္သာမက ႏွလုံး ၊ အသည္း ၊ ေက်ာက္ကပ္ စသျဖင့္ အတြင္းကလီစာေတြအတြက္လည္း ေကာင္းမြန္ပါတယ္ ။ေရာဂါျဖစ္ေစမႈေတြကိုလည္း တိုက္ထုတ္ေပးႏိုင္ၿပီး က်န္းမာေရးေကာင္းမြန္ေစတာေၾကာင့္ ေန႔စဥ္ Green Tea တစ္ခြက္ ၊ ႏွစ္ခြက္ခန႔္ေတာ့ ေသာက္ေပးသင့္ပါတယ္ ။

၄။ အသီးအ႐ြက္ ေဖ်ာ္ရည္

အသီးအ႐ြက္ကို စြပ္ျပဳတ္လုပ္ေသာက္ရမွာ မႀကိဳက္တဲ့သူေတြအတြက္ကေတာ့ကိုယ္ႀကိဳက္တဲ့ အသီးအ႐ြက္ေတြကို blender ထဲထည့္ကာ အေအးလိုလည္း ေဖ်ာ္ေသာက္ေပးႏိုင္ပါတယ္ ။အသီးအ႐ြက္ဆိုရာတြင္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ၿပီး လတ္ဆတ္တဲ့ အသီးအ႐ြက္ေတြကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။

၅။Black Coffee

ေကာ္ဖီႀကိဳက္သူမ်ားအေနနဲ႔ အျခားေကာ္ဖီေတြထက္ black coffee ကို ေ႐ြးခ်ယ္ ေသာက္သင့္ပါတယ္ ။black coffee မွာပါဝင္တဲ့ Caffeine ဓါတ္က အဆီေတြကို ျမန္ျမန္ေလာင္ကြၽမ္းေစၿပီး အားအင္တိုးကာ လန္းဆန္းတက္ႂကြေစပါတယ္ ။သို႔ေသာ္ အစာမရွိခ်ိန္မွာမေသာက္သင့္သလို တစ္ေန႔ကို ႏွစ္ႀကိမ္ထက္ပိုၿပီးလည္း မေသာက္သင့္ပါဘူး။

၆။အဆီထုတ္ထားေသာႏြားႏို႔

အဆီထုတ္ထားေသာ ႏို႔မွာ ပ႐ိုတိန္းဓါတ္မ်ားစြာ ပါဝင္တဲ့အျပင္ဗီတာမင္ဒီ ႏွင့္ ကယ္လ္စီယမ္ဓါတ္ ႂကြယ္ဝတာေၾကာင့္ အ႐ိုးက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။အဆီထုတ္ထားတာေၾကာင့္ ဝိတ္တက္မွာလည္း စိတ္ပူစရာမလိုပါဘူး ။

Published
Categorized as Health

Leave a comment

Your email address will not be published.